Family Vacation ဆိုတာ သားသား မီးမီးတွေ အတွက်တော့ မရှိမဖြစ် လိုအပ်တယ်လို့ ပြောပါရစေ။ မိသားစုနဲ့ အတူ အားလပ်ရက်တွေမှာ ခရီးထွက်ခြင်းက ကလေးတွေကို အလွန်ကောင်းမွန်တဲ့ ပျော်ရွှင်မှုတွေ ရစေတယ်လို့ article လေးတွေမှာ ဖော်ပြထားတာကို တွေ့ရတယ်။
အဲ့ဒါကြောင့်လည်း အနောက်နိုင်ငံတော်တော်များများမှာ Holiday ဆိုတာနဲ့ long trip လေးတွေ မသွားဖြစ်ရင်တောင် ကိုယ့်အိမ်နဲ့ နီးနီးနားနား မြို့တွင်းကိုပဲ short trip သဘောမျိုး ၁ ညအိပ် ဖြစ်ဖြစ် နေ့ချင်းပြန်ဖြစ်ဖြစ် အချိန်ပေးပြီး သွားကို သွားကြပါတယ်။

မိသားစု နဲ့ အတူ ခရီးထွက်ခြင်းဟာ ကလေးတွေကို ပျော်ရွှင်စေသလို မိဘနဲ့ ကလေးကြား ရင်းနှီးနွေးထွေးမှု လည်းပိုမိုရစေပါတယ်။ ပြင်ပ ပတ်၀န်းကျင်ကိုမဖြစ်မနေ လေ့လာစေတဲ့အတွက် ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုတွေကို ပါ တိုးတက်စေပါတယ်။ ထို့အပြင် တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရတဲ့ social ပိုင်းမှာလည်း ပိုမို ယုံကြည်မှု ရှိလာတယ်လို့လည်း ကျွမ်းကျင်သူတွေကဆိုထားပါတယ်။ ဘယ်နေရာရောက်ရောက် မြေပုံကြည့်ခြင်းဖြင့် ဘ၀အတွက်အသုံးတည့်သော စွမ်းရည်တခုကိုလည်းလေ့ကျင့်ပေးနိုင်ပါသေးတယ်။ မိသားစုနဲ့ အတူတူ ရေကူးကန်သွားတာ၊ ပန်းခြံထဲ လမ်းလျှောက်တာ၊ ပျော်ပျော်ပါးပါး ပျော်ပွဲစားထွက်တာ၊ ကမ်းခြေသွားတာတွေကတော့ စားရိတ်နည်းနည်းနဲ့ ထိရောက်ပါတယ်။

ဒီလို family holiday vacation တွေက ရတဲ့ အတွေ့အကြုံ သစ်တွေဟာ ဦးနှောက်ရဲဲ့အရှေ့ပိုင်းအခန်း (frontal lobe) လို့ခေါ်တဲ့ အစိတ်အပိုင်းမှာ သိမ်းထားလိုက်ပြီးတော့ ဖိအားဒဏ်ခံနိုင်မှု၊ အာရုံစူးစိုက်နိုင်မှု၊ ကြိုတင်တွေးတောနိုင်ခြင်းတွေ အပြင် ကာယနဲ့ ဉာဏစွမ်းရည်တွေကိုပါ အများကြီး အထောက်အကူပြုတာတွေကို တွေ့ရပါသေးတယ်။

ဒါကြောင့် သားသားမီးမီးတွေကို အားလပ်ရက် ပိတ်ရက်တွေမှာ မိသားစုနဲ့ အတူ မဖြစ်မနေ အနည်းဆုံးတော့ ၁ နှစ် ၁ ခေါက်တော့ family vacation လေးတွေ မှာ အချိန်ပေးပါလို့ မေတ္တာရပ်ခံပါရစေ။ မိဘတွေအတွက်တော့ အလုပ်ပျက်ပြီး အချိန်၊ ငွေနှင့် ဂရုစိုက်မှုတွေ ပေးလိုက်ရတဲ့အတူတူ သားသား မီးမီးတွေမှာတော့ ဘ၀မှာ အလွန်အဖိုးတန်တဲ့ အမှတ်တရတွေအပြင် စိတ်ကော လူကော ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အလွန်ထိုက်တန်တဲ့ vacation လေးတွေပါလို့…

ငွေကုန်ကြေးကျသက်သာသော အားလပ်ရက်ခရီးလေးများဖန်တီး၍ပျော်ရွှင်ပါစေ။
Team Greenwood
The Greenwood Learning Centre

By admin

Leave a Reply

Your email address will not be published. Required fields are marked *