အပြုအမူကောင်းလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးကြမယ်။ 🌈🌈🌈

ကိုယ့်အားကိုယ်ကိုးတဲ့ကလေးလေးကိုမြင်ရခြင်းလောက်ကြည်နူးစရာကောင်းတာမရှိသည်မို့ ကလေးတွေကို ကောင်းမွန်တ့ဲအမူအကျင့်တွေနဲ့ မိမိကိုယ်ကိုအားကိုးလာအောင်ဘယ်လို လေ့ကျင့် ပိျုးထောင်ပေးရမလဲဆိုတာလေး ဆွေးနွေးကြရအောင်။ 🧕🧕

ပထမအဆင့် အမူအကျင့်တွေ ကောင်းမွန်လာတယ်ဆိုတာက ဘာကို ပြောတာလဲဆိုရင် ကလေးတွေက သူတို့လုပ်ဆောင်ရမယ့် ကိစ္စလေးတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်တာမျိုးကိုပြောပါ။ အိပ်ချိန်မှန်မှန်အိပ်မယ်။ အိပ်ချိန်ရောက်ပြီဆိုတာနဲ့ ဆော့လက်စ အရုပ်တွေကို သိမ်းမယ်။ ကို်ယ်လက်သန့်ရှင်းမယ်။ သွားတိုက်မယ်။ စတဲ့ အပြုအမူကောင်းလေးတွေကို လုပ်ဆောင်တာကို ပြောတာပါ။ အပြုအမူကောင်းတွေ ကလေးတွေ ရင်ထဲမှာ စွဲစွဲထင်ထင်ဖြစ်ပြီး သတိပေးစရာမလိုပဲလိုက်လုပ်လာပြီဆိုရင် စိတ်ချလို့ရပါပြီ။ မိဘတွေကိုယ်တိုင်ကလည်း ကျင့်သုံးပြီး ကလေးကိုလည်း ငယ်စဉ်ကတည်း လေ့ကျင့်ပေးဖို့တော့ အရေးကြီးသည်။

ကလေးတွေက စိတ်တိုင်းကျ ဆိုးလို့ရမယ်။ ဂျီကျလို့ရမယ်။ သူတို့လိုချင်တာတွေ မရတိုင်း စိတ်ကောက်မယ် ဒါတွေကတော့ လုပ်နေမှာပါပဲ။ ဒီလိုမဖြစ်ရလေအောင် ငယ်ငယ်ကတည်းက စည်းနဲ့ကမ်းနဲ့ ဘောင်နဲ့သေသေချာချာလေး သတ်မှတ်ပေးထားမယ်၊ လေ့ကျင့်ပေးထားမယ်ဆိုရင် ကလေးတွေ က ကိုယ့်အားကိုယ်ကိုးတတ်လာမယ့်အပြင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လေးလေးစားစားလိုက်လုပ်မှာပါ။ စနစ်တကျလေ့ကျင့်ရာမှာ မိဘတွေအနေနဲ့ ဘာတွေ လုပ်ဆောင်ရမလဲဆိုရင်

၁။ ဘာကြောင့်လဲဆိုတာကို ပြောပြပါ။ ❓❓
ဥပမာ ညဆို ၈နာရီမှာ အိပ်ရမယ်ဆိုပြီး စည်းကမ်းချက်တွေ ထုတ်တာတင်မဟုတ်ပဲ ဘာလို့ ဒီအချိန်မှာအိပ်သင့်တယ်။ ည ၈ နာရီ အိပ်ပြီး မနက်ခင်း ၇ နာရီပြန်ထရင် အိပ်ချိန်တွေ အများကြီးရပြီး သားသားမီးမီးတို့အတွက် ခန္ဓာကိုယ်ကြီးထွားဖို့ အရပ်ရှည်ဖို့ အားအင်တွေ ပြည့်၀လာမယ်။ ဒီလိုလေးတွေ ပြောပြဖို့ အရေးကြီးပါတယ်။

၂။ ကောင်းမွန်တဲ့အပြုအမူတွေအတွက် ရံဖန်ရံခါ အသိအမှတ်ပြုစကားဆိုပေးပါ။ ✨✨
အမှိုက်ကို အမှိုက်တောင်းထဲကို ထည့်လိုက်တာ။ ညအိပ်ရာ၀င်ချိန်မှာ သူ့ အသိလေးနဲ့သူ ခြေလက်ဆေး ဘုရားရှိခိုးတာ၊ တစ်ခုခုကိစ္စ ကောင်းလေးတွေကိုလုပ်လိုက်တာတွေ့ရင်မိဘတွေ အနေနဲ့ သူတို့လေးတွေကို ဂုဏ်ယူတဲ့ အပြုအမူပြပါ။ (အမြဲတမ်းမဟုတ်ပါ။) လုပ်သင့်လုပ်ထိုက်တာလုပ်သည်ကို တရားလွန်အမွှန်းတင်ခြင်းရှောင်ပါ။ ဒါမှသာ ကလေးကလည်း အပြုအမူကောင်းတွေဟာလုပ်သင့်လိုလုပ်ရတာဖြစ် ကြောင်းနားလည်လာပါလိမ့်မယ်။

၃။ မိဘတွေကိုယ်တိုင်ကလည်း စံပြဖြစ်နေရပါမယ်။ 👫
မိဘတွေက သားသမီးတွေအတွက် ပထမစံပြပါပဲ။ ကလေးတွေက ဘယ်သူကိုမှ မကြည့် အတုမယူခင်ကတည်းကသူတို့ရဲ့ ဖေဖေမေမေရဲ့ ပြုမုူပုံတွေကို အတုယူကြတာပါ။ ဒါကြောင့် မိဘတွေကိုယ်တိုင်က ကလေးတွေအတွက် စံပြ ဖြစ်စေမယ့် အပြုအမူကောင်းတွေ ရှိဖို့ လိုက်လုပ်ဖို့ အလွန်ကို လိုအပ်လှပါတယ်။ ကိုယ့်မှာ စိတ်ရှုပ်စရာတွေ အဆင်မပြေတာတွေရှိရင်တောင် ကလေးတွေနဲ့ စကား ကောင်းကောင်းမွန်မွန်ပြောတာတွေ၊ သူတို့ရှေ့မှာ စံပြဖြစ်အောင် နေတာတွေက အလွန်ကို အရေးကြီး တဲ့ အပြုအမူတွေဖြစ်ပါတယ်။

၄။ အမှားနဲ့အမှန် ခွဲခြားတတ်အောင် သင်ပေးပါ။ ❎✅
ကလေးတွေက အပြစ်တစ်ခုခုလုပ်မိတာဖြစ်ဖြစ် ၊ သူတို့ က ချမှတ်ထားတဲ့ စည်းကမ်းလေးတွေကို ချိုးဖောက်မိတာပဲဖြစ်ဖြစ် သူတို့လေးတွေမှာ ဖြစ်လာတဲ့ စိတ်မသက်သာတာတွေကို ချက်ခြင်းမဖျောက်ပစ်လိုက်ပါနဲ့။ နားလည်အောင် သေချာရှင်းပြပြီး အမှားဆိုတာ လူတိုင်းမကင်းပေမယ့် ဒါကတော့ မလုပ်သင့်ကြောင်း ဘယ်လို မှားနေကြောင်း ၊ ဒီလိုမျိုးအပြုအမူတွေက မကောင်းကြောင်း စတဲ့ အမှား အမှန်ကို ခွဲခြားတတ်လာအောင် ဘယ်လို ပြုမူရမလဲဆိုတာကို သင်ကြားပေးရပါ့မယ်။

ကိုယ့်အားကိုယ်ကိုးသောကလေးလေးများနှင့် စိတ်ချမ်းမြေ့စရာအနာဂတ်များပိုင်ဆိုင်နိုင်ပါစေ။
Team Greenwood

By admin

Leave a Reply

Your email address will not be published. Required fields are marked *