Screen Time အများကြီး ပေးထားခြင်းဟာ မူကြိုအရွယ် သားသား မီးမီးတို့ အတွက် ဘယ်လို အကျိုးသက်ရောက်စေသလဲ❓❓❓

အခုချိန်မှာတော့ အင်တာနက်တွေလည်း အရမ်းတိုးတက်လာသလို ဖုန်းတွေ တီဗီတွေလည်းအရင်ကထက် ပိုမိုလွယ်လွယ်ကူကူူ ၀ယ်ယူလို့ရတဲ့ ခေတ် ဖြစ်နေခဲ့တော့ အိမ်တိုင်းမှာ တီဗီတွေ ဖုန်းတွေက ရှိနေခဲ့ကြပါပီ။ ဒီဖုန်းတွေ တီဗီတွေကို ကိုယ့်ရဲ့မူကြို အရွယ်ကလေးတွေကို စိတ်ကြိုက် ကြည့်ခိုင်းခြင်း၊ မအားလပ်တ့ဲ မိဘများရဲ့ လုပ်ငန်းဆောင်တာတွေ မှာ မနှောင့်ယှက်ရအောင် screentime အပြည့်အ၀ ပေးထားလာကြပါတယ်။

တဘက်မှာလည်း ဆိုးကျိုးတွေကိုမြင်လာတဲ့ မိဘတွေကလည်း ကိုယ့်ရဲ့ ကလေးတွေ ကိုယ့် သားသမီးလေးကို ကျန်းမာရေးနဲ့ ညီညွှတ်ဖို့ တစ်ရက် screen time ဘယ်လောက်ထိ လျော့ချရမလဲစဉ်းစားနေကြပါတယ်။ ဒါပေမယ့် အဲ့လို လျှော့ချပေးမယ့် မိဘတွေကရော တစ်ရက်ကို screen ကြည့်ချိန်ဘယ်လောက်ဖြစ်နေပြီလဲ။ မိဘတွေကိုယ်တိုင်ကကောဖုန်းတွေ ၊ တီဗီတွေ၊ တက်ဘလက်တွေဆီမှာ အချိန်ဘယ်လောက်ကုန်နေပီလဲဆိုတာ ပြန်စမ်းစစ်သင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး၅ နာရီအထက်မှာဆိုရင်တော့ မိဘတွေကိုယ်တိုင်ပါ ဆင်ခြင်သင့်ပါတယ်။ သားသမီးတွေရဲ့ တသက်တာ role model ဆိုတာမိဘတွေပါပဲ။ မိဘတွေကိုယ်တိုင်က သားသမီးတွေ ကလေးတွေကို ဆင်ခြင်စေချင် မလုပ်စေချင်တဲ့ အရာတွေကို ကိုယ်တိုင် မလုပ်မှသာလျှင် သားသမီးတွေ အနေနဲ့လည်း လက်ခံနိုင်စရာရှိပါမယ်။

ကလေးတွေကို screen time အများကြီး ပေးထားခြင်းဟာ ဘာတွေ အပေါ် အကျိုးသက်ရောက်မှု ရှိစေသလဲ။ ဒီအချက်တွေမှာ Screen time အများကြီးပေးကြည့်တဲ့ မိဘတွေကြောင့်လည်းပါပါတယ်။ ဒါပေမယ့် တစ်ဖက် ကပြန်ကြည့်မယ်ဆိုရင်လည်း အခုခေတ်အနေအထားအရ မိဘတွေ အားလုံးလည်း အိမ်မှာနေရင်းတောင် အမြဲ မပြတ် အလုပ်လုပ်နေရတဲ့ ကာလဖြစ်တဲ့အတွက် ကိုယ့်ကလေးတွေရဲ့ ဂျီကျမှုတွေ သူတို့လေးတွေရဲ့ အလိုမကျမှုတွေကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းလိုက်တယ်လို့ထင်ပါတယ်။ လက်ထဲ တစ်ခုခု ရှိသွားပြီး အဲ့ဒါကို ကြည့်ပြီးရင် ငြိ်မ်နေရင် ကိုယ့် လုပ်ငန်းဆောင်တာတွေ ကို ပိုမို မြန်မြန်ဆန်ဆန် လုပ်နိုင်လာတာလည်းပါပါတယ်။ အသက် နှစ် နှစ် အရွယ်ကနေ ငါးနှစ် အရွယ်ထိ ကလေးတွေကို screen time နဲ့ ပတ်သတ်ပြီး စစ်တမ်းတွေ ပြုလုပ်ကြည့်တဲ့အခါမှာ screen time အများကြီးပေးထားခြင်းဟာ သူတို့ရဲ့ ဖွံ့ဖြိုးမှုတွေကို နှောင့်နှေးစေနေတာကို တွေ့ရပါတယ်။ ကလေးတွေရဲ့ မူကြို တက်စဉ်ကာလမှာ သူတို့လေးတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်တွေ သချၤာဉာဏ်ဖွ့ံဖြိုးမှုတွေနဲ့ စကားလုံးမှတ်ရတာတွေ လူမှု ပေါင်းသင်းဆက်ဆံရေးတွေကို ထိခိုက်လာနိုင်တာကို တွေရပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ မိမိရဲ့ရင်သွေးလေးများရဲ့ ဖွံ့ဖြိုးတိုးတက်မှုများအတွက် သူတို့ရဲ့ အသက်အရွယ်အလိုက် screen time တွေကို အတတ်နိုင်ဆုံတင်းကြပ်စွာ လျှော့ဖို့တိုက်တွနး်ပါတယ်။

သားသားမီးမီးတို့အတွက် ပျော်ရွှင်ဖွယ်ရာ အချိန်များဖန်တီးပေးနိုင်ပါစေ။
Team Greenwood
The Greenwood Learning Centre

By admin

Leave a Reply

Your email address will not be published. Required fields are marked *