ေနမေကာင္းျဖစ္ေနေသာ သားသားမီးမီးတို႔အတြက္ သင့္ေလ်ာ္ေသာ အစားအစာမ်ား 🥛🍚🥚🍞

မိဘရယ္လို႔ျဖစ္လာခဲ့ရင္ မိမိတို႕သားသားမီးမီးေလးေတြအတြက္ အစစအရာရာ အဘက္ဘက္ကေန လိုေလေသးမရွိျဖည့္စည္းေပးခ်င္ၾကတာ သဘာဝပါ။ သားသားမီးမီးတို႔ ေမြးဖြားလာကတည္းက အသက္အ႐ြယ္ႀကီးျပင္းသည္အထိ မျဖစ္သင့္တာမျဖစ္ေအာင္ အရာအားလုံးသြန္သင္ဆုံးမ ၫႊန္ၾကားရင္း ကေလးတို႔ရဲ႕ အနာဂတ္ လွပဖို႔အေရး အစြမ္းကုန္ႀကိဳးစားၾကပါတယ္။ ကိစၥအားလုံးမွာ အျပန္ျပန္ အလွန္လွန္ စိတ္ပူေနခဲ့ရတာလည္း မိဘေတြပါ။
စိတ္ပူရံုသက္သက္ျဖင့္ေတာ့ အက်ိဳးမရွိသည္ကို သတိခ်ပ္ရပါမည္။
အဘက္ဘက္ႏွိုင္းယွၪ္စၪ္းစားၿပီး ကေလးငယ္အတြက္အက်ိဳးအမ်ားဆံုးႏွင့္ ထိခိုက္ႏိုင္ေျခအနည္းဆံုးရွိမည့္ လုပ္ေဆာင္ခ်က္မ်ားကိုသာ လုပ္ျဖစ္ရန္အေရးႀကီးသည္။
ၪီးစြာပထမေ၀မ်ွလိုသည္မွာ သားသားမီးမီးတို႔ေနထိုင္မေကာင္းခ်ိန္ေတြမွာ ဂရုတစိုက္ ေဆာင္ရြက္သင့္ေသာနည္လမ္းအခ်ိဳ႕ႏွင့္ ေကြၽးသင့္ေသာအစားအစာမ်ားျဖစ္ပါတယ္။

၁။ ေရဓာတ္ျပည့္ဝပါေစ။ (Keep Hydrated)

သားသားမီးမီးတို႔ေနမေကာင္းျဖစ္ခ်ိန္မွာ မၾကာခဏေရမ်ားမ်ားတိုက္ေပးျပီး ေရဓာတ္ျပန္လည္ျဖည့္စည္းေပးမယ့္ အစားအေသာက္ေတြ အသီးအႏွံေတြေကြၽးေပးပါ။ ကိုယ္ခႏၶာအတြင္းမွာရွိတဲ့ infection ေတြကို တိုက္ထုတ္ရမွာျဖစ္လို႔ ကေလးလူႀကီးမေရြး ေရဓာတ္ျပည့္ဝဖို ႔ အထူးလိုအပ္လွပါတယ္။

၂။ အစာေက်လြယ္မယ့္ အစားအစာမ်ားသာေကၽြးပါ။

ကေလးမ်ား ဖ်ားေနစဥ္အတြင္းမွာလည္း ငွက္ေပ်ာသီး၊ ပန္းသီး ၊ မုန္လာဥနီ၊ ေပါင္မုန္႔ စတဲ့ အစာေၾကလြယ္မယ့္အစားအစာမ်ား ေကြၽးေပးပါ။ ဖ်ားေနတဲ့အခ်ိန္ေတြမွာ ခံတြင္းပ်က္တတ္ေပမယ့္ ေဖေဖတို႔ေမေမတို႔ရဲ႕ စားခ်င္စဖြယ္ျပင္ဆင္ေပးေသာအစားအစာမ်ားကိုေတာ့ သားသားမီးမီးတို႔ ႀကိဳက္ႏွစ္သက္ၾကမွာပါ။

၃။ ၾကက္ဥနဲ႔ ႏို႔ထြက္ပစၥည္းမ်ားလည္းပါပါေစ။

ကေလးတို႔ဖ်ားၿပီး နလန္ထခါစအခ်ိန္မွာ ခႏၶာကိုယ္အတြက္အာဟာရဓာတ္ေတြျပန္လည္ျဖည့္တင္းဖို႔ ပ႐ိုတင္းဓာတ္မ်ားမ်ားပါ၀င္တဲ့ ၾကက္ဥ နဲ႔ ႏို႔ထြက္ပစၥည္းေတြကိုလဲ ဂရုတစိုက္ထည့္သြင္း ေကြၽးေမြးေပးဖို႔လိုအပ္ပါတယ္။

၄။ ပ်ားရည္(စစ္စစ္) လည္းေသာက္ပါေစ။

တကယ္လို႔ သားသားမီးမီးတို႔ လည္ေခ်ာင္းနာေနတယ္ဆိုရင္ေတာ့ ပ်ားရည္ (စစ္စစ္) (မစစ္လ်င္ ေခ်ာင္းဆိုးႏိုင္) လက္ဖက္ရည္တစ္ဇြန္းစာေလာက္တိုက္ေကၽြးျခင္းျဖင့္ လည္ေခ်ာင္းနာျခင္းနဲ႔ လည္ေခ်ာင္း ယားယံျခင္းတို႔ကိုသက္သာေစရံုသာမက ေနာင္မျဖစ္ေစဖို႔ကာကြယ္ရာလည္းေရာက္ပါတယ္။

ေဖေဖေမေမတို႕အသံုးျပဳေနေသာနည္းလမ္းေကာင္းေလးေတြရွိရင္လဲ comment မွာမွ်ေ၀ေပးဖို႔ ဖိတ္ေခၚပါတယ္ရွင့္။
အနာဂတ္၏ ရင္ေသြးငယ္မ်ားအားလံုး ကိုယ္လက္ႀကံ့ခိုင္က်န္းမာေပ်ာ္႐ႊင္ပါေစ။ 🙆‍♀️🙆‍♀️
Team Greenwood

Unicode Version
နေမကောင်းဖြစ်နေသော သားသားမီးမီးတို့အတွက် သင့်လျော်သော အစားအစာများ 🥛🍚🥚🍞

မိဘရယ်လို့ဖြစ်လာခဲ့ရင် မိမိတို့သားသားမီးမီးလေးတွေအတွက် အစစအရာရာ အဘက်ဘက်ကနေ လိုလေသေးမရှိဖြည့်စည်းပေးချင်ကြတာ သဘာဝပါ။ သားသားမီးမီးတို့ မွေးဖွားလာကတည်းက အသက်အရွယ်ကြီးပြင်းသည်အထိ မဖြစ်သင့်တာမဖြစ်အောင် အရာအားလုံးသွန်သင်ဆုံးမ ညွှန်ကြားရင်း ကလေးတို့ရဲ့ အနာဂတ် လှပဖို့အရေး အစွမ်းကုန်ကြိုးစားကြပါတယ်။ ကိစ္စအားလုံးမှာ အပြန်ပြန် အလှန်လှန် စိတ်ပူနေခဲ့ရတာလည်း မိဘတွေပါ။
စိတ်ပူရုံသက်သက်ဖြင့်တော့ အကျိုးမရှိသည်ကို သတိချပ်ရပါမည်။
အဘက်ဘက်နှိုင်းယှဉ်စဉ်းစားပြီး ကလေးငယ်အတွက်အကျိုးအများဆုံးနှင့် ထိခိုက်နိုင်ခြေအနည်းဆုံးရှိမည့် လုပ်ဆောင်ချက်များကိုသာ လုပ်ဖြစ်ရန်အရေးကြီးသည်။
ဉီးစွာပထမဝေမျှလိုသည်မှာ သားသားမီးမီးတို့နေထိုင်မကောင်းချိန်တွေမှာ ဂရုတစိုက် ဆောင်ရွက်သင့်သောနည်လမ်းအချို့နှင့် ကျွေးသင့်သောအစားအစာများဖြစ်ပါတယ်။

၁။ ရေဓာတ်ပြည့်ဝပါစေ။ (Keep Hydrated)

သားသားမီးမီးတို့နေမကောင်းဖြစ်ချိန်မှာ မကြာခဏရေများများတိုက်ပေးပြီး ရေဓာတ်ပြန်လည်ဖြည့်စည်းပေးမယ့် အစားအသောက်တွေ အသီးအနှံတွေကျွေးပေးပါ။ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ infection တွေကို တိုက်ထုတ်ရမှာဖြစ်လို့ ကလေးလူကြီးမရွေး ရေဓာတ်ပြည့်ဝဖို့ အထူးလိုအပ်လှပါတယ်။

၂။ အစာကျေလွယ်မယ့် အစားအစာများသာကျွေးပါ။

ကလေးများ ဖျားနေစဉ်အတွင်းမှာလည်း ငှက်ပျောသီး၊ ပန်းသီး ၊ မုန်လာဥနီ၊ ပေါင်မုန့် စတဲ့ အစာကြေလွယ်မယ့်အစားအစာများ ကျွေးပေးပါ။ ဖျားနေတဲ့အချိန်တွေမှာ ခံတွင်းပျက်တတ်ပေမယ့် ဖေဖေတို့မေမေတို့ရဲ့ စားချင်စဖွယ်ပြင်ဆင်ပေးသောအစားအစာများကိုတော့ သားသားမီးမီးတို့ ကြိုက်နှစ်သက်ကြမှာပါ။

၃။ ကြက်ဥနဲ့ နို့ထွက်ပစ္စည်းများလည်းပါပါစေ။

ကလေးတို့ဖျားပြီး နလန်ထခါစအချိန်မှာ ခန္ဓာကိုယ်အတွက်အာဟာရဓာတ်တွေပြန်လည်ဖြည့်တင်းဖို့ ပရိုတင်းဓာတ်များများပါဝင်တဲ့ ကြက်ဥ နဲ့ နို့ထွက်ပစ္စည်းတွေကိုလဲ ဂရုတစိုက်ထည့်သွင်း ကျွေးမွေးပေးဖို့လိုအပ်ပါတယ်။

၄။ ပျားရည်(စစ်စစ်) လည်းသောက်ပါစေ။

တကယ်လို့ သားသားမီးမီးတို့ လည်ချောင်းနာနေတယ်ဆိုရင်တော့ ပျားရည် (စစ်စစ်) (မစစ်လျင် ချောင်းဆိုးနိုင်) လက်ဖက်ရည်တစ်ဇွန်းစာလောက်တိုက်ကျွေးခြင်းဖြင့် လည်ချောင်းနာခြင်းနဲ့ လည်ချောင်း ယားယံခြင်းတို့ကိုသက်သာစေရုံသာမက နောင်မဖြစ်စေဖို့ကာကွယ်ရာလည်းရောက်ပါတယ်။

ဖေဖေမေမေတို့အသုံးပြုနေသောနည်းလမ်းကောင်းလေးတွေရှိရင်လဲ comment မှာမျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။
အနာဂတ်၏ ရင်သွေးငယ်များအားလုံး ကိုယ်လက်ကြံ့ခိုင်ကျန်းမာပျော်ရွှင်ပါစေ။ 🙆‍♀️🙆‍♀️
Team Greenwood

By admin

Leave a Reply

Your email address will not be published. Required fields are marked *