ကလေးများအတွက် ဂီတကိုသင်ကြားခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများ 🎼🎼🎼

ကလေးများသည် သိတတ်သောအရွယ်မရောက်ခင်ကပင် ပတ်ဝန်းကျင်ရှိအရာတိုင်းကိုအဘက်ဘက်ကနေ စူးစမ်းပြီးသင်ယူနေကြပါပြီ။ ထို့အတွက်ကြောင့် မိဘများရဲ့ ရှေ့ဆောင်လမ်းပြမှုများ၊ သွန်သင်ဆုံးမမှုများက ကလေးအတွက် အလွန်အရေးကြီးပြီး ဒီ အလေ့အကျင့်ကောင်းတွေကနောင်တချိန် အသက်ကြီးလာသည်အထိ ပါသွားမယ့်အရာတွေဖြစ်ပါတယ်။ မိဘတွေ အနေနဲ့လဲ ကလေးများကို အဖက်ဖက်ကနေ တော်စေချင်တတ်စေချင် လိမ္မာစေချင်ကြတာလည်း သဘာ၀ပါပဲ။ ဒါကြောင့် လူမှုအသိုင်း၀ိုင်းကြီးထဲမှာ ရှင်သန်ခဲ့ရမယ့် သူတို့အတွက် ဘက်ပေါင်းစုံကနေ တွေးပေး လေ့ကျင့်ပေး သင်ကြားပေးဖို့လိုပါတယ်နော်။ ဒီထဲကမှ ကလေးများကို ငယ်ငယ်လေးကတည်းက ဂီတသံစဉ်များနှင့် ထိတွေ့ ပြုစုပျိုးထောင်ပေးခြင်းကလဲလိုအပ်လှပါတယ်။ မူကြိုကျောင်းများမှာလည်း ဂီတအချိန်ထည့်သွင်းသင်ကြားစေကြတာတွေ ရှိပါတယ်။ အိမ်မှာလည်း ကလေးအတွက် ဂီတနဲ့ ပတ်သတ်တဲ့ တူရိယာတွေ လေ့ကျင့်စေခြင်းဖြင့် သူတို့ စိတ်ကြိုက် အချိန်တွေကို ဂိီတနဲ့ ကုန်ဆုံးခိုင်းသင့်ပါတယ်။

ငယ်ငယ်လေးကတည်းက ဂီတနဲ့ ကြီးပြင်းလာရတဲ့ကလေးတွေမှာ တခြားသူတွေထက်ပိုပြီးတော့အား သာချက်တွေရှိနေတာတော့ငြင်းစရာမရှိပါ။

၁။ academic နဲ့ ပတ်သတ်တာတွေမှာ ပိုပြီး တိုးတက်လာနိုင်ပါတယ်
ဂီတ နဲ့ သချၤာ ကဆက်နွယ်နေတယ်လို့ ပြောရင် ရုတ်တရက်ဆို ဖြစ်နိုင်ပါ့မလား ထင်နိုင်ပါတယ်။ ဒါပေမယ့် ဂီတ နဲ့ သချၤာရဲ့ ပတ်သတ်နေမှုကအခိုင်အမာပါ။ Music ရဲ့ beat တွေ rhythm တွေ scale တွေကို သိတဲံ့ ကလေးတွေက သချာၤမှာဆို ပိုပြီး မှတ်မိလွယ်သလို ပုစၧာတွေ ဖြေရှင်းတဲ့နေရာမှာလဲ ပိုမြန်လာပါတယ်။ ဂီတ အချိန်တွေမှာဆို ကလေးတွေဟာ အခြေခံရူပဗေဒသဘောတရားတွေကိုသင်ကြားရသလိုပါပဲ။ ဂစ်တာတို့ တယော တို့ကို သင်ပေးရင်းနဲ့ harmonics vibration နဲ့ sympathetic vibration အကြောင်း သင်ပေးတာမျိုးပေါ့။

၂။ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်
ဂီတ တူရိယာတွေကို တီးခတ်တယ်ဆိုရာမှာ ကလေးတို့ရဲ့ ကြွက်သားငယ်လက်ချောင်းတွေ၊ လက်တွေ ရဲ့ လှုပ်ရှားမှုနဲ့သွားရတာပါ။ ဒါတွေကို တီးခတ်ဖို့အတွက် ကလေးတွေမှာ enegry တွေ အပြည့်သုံးရပါတယ်။ တယောတို့ စန္ဒယားတို့ တီးဖို့ဆိုရင် လက်နှစ်ဖက်လုံး တပြိုင်နက် အလုပ်လုပ်မှသာ တီးခတ်လို့ရတာပါ။ ဥပမာအားဖြင့် လက်တစ်ဖက်ကို ခေါင်းမှာတင်ပြီး နောက်လက်တစ်ဖက်က ကိုယ့်ရဲ့ ဗိုက်က ကြွက်သားတွေကိုပွတ်သပ်ပေးရင်း ဟန်ချက်ညီအောင်ထိန်းခြင်းနှင့် အတူတူပါပဲ။ တပြိုင်တည်းမှာ အလုပ်အာရုံ ၂ ခု ကို ပြိုင်လုပ်နေရတာပါ။ ဒီလိုတူရိယာတွေ တီးခတ်ခြင်းက ကလေးတွေကို တခြား အက တွေ၊ အားကစားတွေမှာလဲ စိတ်ပါ၀င်စားမှု မြင့်လာအောင် ပြုလုပ်ပေးပါတယ်။

၃။ လူမှုပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်လာတယ်
ဂီတ အချိန်တွေမှာ အုပ်စုလိုက်ပြုလုပ်ရတဲ့အချိန်တွေလည်းရှိပါတယ်။ တစ်ယောက်က သီချင်းဆိုမယ်။ တစ်ယောက် ဂစ်တာတီးမယ် နောက်တစ်ယောက်က စန္ဒရားတီးမယ် စသဖြင့်ပေါ့။ ဒီလိုအခြေအနေမျိုးမှာ တစ်ဦးနဲ့ တစ်ဦး အပေးအယူညီညီမျှမျှဖြစ်အောင် interaction တွေ ကောင်းမှသာ အဆင်ပြေမှာပါ။ ဒါကြောင့် ဂီတ က ကလေးတွေကို မတူညီတဲ့လူတွေ၊ အရာတွေနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်တတ်အောင် teamwork ကောင်းလာအောင်လည်း ပြုလုပ်ပေးပါတယ်။ ကိုယ်တစ်ယောက်တည်း ကောင်းနေရုံနဲ့ မပြိီးပဲအားလုံး အဆင်ပြေမှသာ ဂီတ သံထွက်လာနိုင်တယ်ဆိုတဲ့ စိတ်မျိုးကို ကလေးတွေကို သိရှိစေပါတယ်။ အချို့ကျာင်းတွေမှာဆိုရင် ကလေးတွေကို အုပ်စုတွေခွဲပေးလိုက်ပြီး သီချင်းရွေးတာ ၊ တူရိယာရွေးတာကအစ အလုံးစုံ သူတို့ကိုယ်တိုင်ဖန်တီး ပြုလုပ်ခိုင်းပြီး communication skills, team နဲ့ အလုပ်လုပ်နိုင်တဲ့ skills တွေရှိိလာအောင် သင်ကြားပေးကြပါတယ်။

၄။ စိတ်ရှည်သည်းခံမှု နဲ့ စည်းကမ်းပိုင်းဆိုင်ရာတွေ တိုးတက်လာပါတယ်
ဂီတ တူရိယာ တစ်ခုကို တီးခတ်တတ်အောင် သင်တဲ့အခါမှာ ကလေးတွေကို စိတ်ရှည်သည်းခံပြီး ရလာတဲ့ အကျိုးကျေးဇူးကို ခံစားတတ်အောင်လည်း သင်ပေးပါတယ်။ တယောတီးသင်တယ်ပဲ ဆိုပါတော့ တယောသံထွက်ဖို့အတွက် စစချင်းမှာဆိုရင် တယောကို ဘယ်လိုကိုင်ရမယ် ၊ တယောတံ ကို ဘယ်လိုထားရမယ်၊ ခြေထောက်က ဘယ်နေရာမှာ ထားရမယ် စတဲ့အခြေခံတွေကို နာရီပေါင်းများစွာ အရင်သင်ကြားပေးရပါတယ်။ သူတို့လိုချင်တဲ့ ဂီတ တူရိယာ တစ်ခု ကို ကောင်းကောင်းမွန်မွန် တီးခတ်တတ်ဖို့ အချိန်တွေအများကြီးရင်းရသလို စိတ်ရှည်ရပါတယ်။ သင်ကြားပြသသူရဲ့ ဆုံးမမှုတွေကိုလည်းနာခံရပါတယ်။ အတန်းထဲမှာ တစ်ဦးချင်းကို တီးခတ်ပြသရတယ်ဆိုလည်း မတီးရသေးတဲ့ ကလေးတွေက တီးပြနေတဲ့ ကလေးကို ဂရုစိုက် နားထောင်နေရသလို ကိုယ့်အလှည့်ရောက်ဖို့လည်း စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ရပါတယ်။ ဒီလိုမျိုး အမူအကျင့်တွေကို ငယ်ရွယ်စဉ်ကတည်းကနေ အစပျိုးပေးပါတယ်။

၅။ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပိုတိုးလာစေပါတယ်။
လူအများရှေ့မှာဖျော်ဖြေတတ်အောင်၊ ကိုယ့်ရဲ့ အသင်းနဲ့ ကိုယ်ပူးပေါင်းလုပ်ရင်း ပိုမို ယုံကြည်မှုတွေ မြင့်တက်လာစေပါတယ်။ ဒီလိုမျိုး လူအများရှေ့မှာ ဖျော်ဖြေဖို ့ရဲရင့်လာခြင်းသည် လူအများကြားစကားပြောဖို့ (public speaking) အတွက်လည်း အလွန််အထောက်အကူပြုပါတယ်။

အရေးကြီးတာလေးကတော့ ကလေးတွေအတွက် အလွန်အကျိုးရှိသောဂီတကို သင်ကြားပေးမယ် ဂီတ တူရိယာတွေကို တီးခတ်တတ်အောင် သင်ကြားပေးမယ်ဆိုရင် မိဘတွေအနေနဲဲ့ အရေးကြီးတာက မိမိကလေး ဘယ်လိုမျိုး တူရိယာတွေကို ပိုစိတ်၀င်စားတယ်၊ စိတ်ရှည်တယ် ၊ သင်ယူချင်စိတ်ရှိတယ် စတာတွေကို လေ့လာဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုတူရိယာ ဘယ်သံစဉ်အမျိုးအစားက ကလေးတွေနဲ့အသင့်တော်ဆုံးဆိုတာရယ်လို့တော့ မရှိပါဘူး။ မိဘတွေအနေနဲ့ ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက ဂီတ နဲ့ ထိတွေ့ခွင့်ပေးပြီး သူတို့ ရဲ့ စိတ်ပါဝင်စားမှု၊ တိုးတက်ပြောင်းလဲမှုစတာလေးတွေကို ထိန်းကျောင်းလမ်းညွှန်ပေးရင်ကိုပဲပြည့်စုံနေပါပြီ။ သို့သော်မိမိကလေးက ဘယ်လိုမှစိတ်မ၀င်စားပဲ မိဘမှအလွန်အမင်းတင်းကြပ်ခြင်းကိုတော့ရှောင်ကျဉ်သင့်ပါတယ်။

ဂီတကိုချစ်သော သားငယ်သမီးငယ်များစဉ်ဆက်မပြတ်ပေါ်ထွန်းပါစေ။🙆‍♀️🙆‍♀️🙆‍♀️
Team Greenwood

By admin

Leave a Reply

Your email address will not be published. Required fields are marked *