သူတစ္ပါးကိုလည္း ကူညီတတ္တဲ့ စိတ္ေလးေတြ ေမြးျမဴေပးပါ။ 🙆‍♀️🙆‍♀️🙆‍♀️

ကေလးေတြကို ငယ္ရြယ္စဥ္အခ်ိန္ထဲက သူတစ္ပါးကုိကူူညီရမယ္၊ လုပ္အားေပးေတြ လုပ္ေပးရမယ္ဆိုတဲ့ အသိစိတ္ေလး နဲဲ႔ ထိုကူညီမႈေလးက ရလာမယ့္ အက်ိဳးတရားေတြကို သိလာေအာင္ မိဘမ်ားအတူတကြ ေလ့က်င့္သင္ျကားေပးမယ္ဆိုရင္ ကေလးေတြရဲ႕စိတ္ဓာတ္ပိုင္းဆိုင္ရာေတြမွာ အေတာ္ေလးတိုးတက္လာနိုင္ပါတယ္။ အခ်ိဳ႔ မိဘေတြက သူတို႕ရဲ႕ အားလပ္ခ်ိန္ေလးေတြမွာ ကေလးေတြကို အခ်ိန္လည္းေပးရင္း လူမွဳပတ္၀န္းက်င္ကို အက်ိဳးျပဳမယ့္ စိတ္ဓာတ္ေလးေတြကိုလည္း ေမြးျမဴေပးေစခ်င္ၾကေတာ့ ကေလးငယ္ေတြနဲ႔အတူ လုပ္အားေပးအစီအစဥ္ေလးေတြမွာ အတူတကြ ပါဝင္လွဳပ္ရွားတဲ့ activitiy ေတြမွာ တက္ၾကြစြာလွဳပ္ရွားေနၾကပါပီ။

ဒီအျပဳအမူေကာင္းေလးက ရမယ့္အက်ိဳးေက်းဇူးေတြက ေရတြက္မဆံုးပါ။ ဒီလုိ volunteering လုပ္ျခင္းျဖင့္ ကေလးမ်ားရ့ဲသ႑ာန္မွာ သူတစ္ပါးအေပၚ ကရုဏာတရားေရွ႕ထားျပီးစာနာေထာက္ထားတတ္ေစရန္သာမက၊ အသင္းအဖြဲ႕ႏွင့္ အလုပ္လုပ္ကိုင္တတ္ျခင္း၊ သည္းခံေရာင့္ရဲတတ္ျခင္းစတဲ့ လူသားတစ္ေယာက္မွာ ရိွသင့္ရွိအပ္တဲ့ စိတ္ထားေတြကို ပ်ိဳးေထာင္ေပးပါတယ္။ လုပ္အားေပးတယ္ဆိုတာက သူတစ္ပါးရဲ႕ ကိစၥေတြကို လုပ္ေပးတယ္ ကူူညီတယ္ဆိုတဲဲ့အျပင္ မိမိမိသားစု မိမိအိမ္မွာ ကိုယ့္တာ၀န္ကို ေက်ပြန္ျပီး တစ္ေယာက္ရဲ႕ ကိစၥကို တစ္ေယာက္က ကူညီေပးေနတာကလည္း လုပ္အားေပးတာပါပဲ။ ဒီလို အျပဳအမူေကာင္းေလးေတြကို မိသားစုတြင္းငယ္စဥ္ကတည္းကပ်ိဳးေထာင္ေပးျခင္းခံခဲ့ရတဲ့ ကေလးမ်ား လူၾကီးျဖစ္လာတဲ့အခါမွာလည္း အမ်ားအက်ိဳးျပဳမွသည္ တိုင္းက်ိဳးျပည္ျပဳလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနပါလိမ့္မယ္။
လုပ္အားေပးအစီအစဥ္ေတြ၊ လွဳပ္ရွားမွဳေတြကေတာ့ အမ်ားၾကီးရွိပါတယ္။ အဲ့ဒါေတြထဲကမွ မိမိရဲ႕ ကေလးနဲ႔ ကိုက္ညီတဲ့၊ သူလည္းစိတ္၀င္စားတဲ့ အလုပ္ေတြကို ေရြးျပီး ျဖည္းျဖည္းခ်င္းစလုပ္ေစခ်င္ပါတယ္။ ကုိယ္ေနတဲ့ ေဒသရဲ႕လုိအပ္ခ်က္၊ ကိုယ့္ကေလးရဲ႕ စိတ္၀င္စားမွဳအေပၚမူတည္ျပီးေတာ့ ဘယ္လိုလုပ္အားေပးေတြ လုပ္လို႔ရလဲဆိုတာကို ေလ့လာၾကည့္သင့္ပါတယ္။ လုပ္အားေပးတစ္ခု စလုပ္ေတာ့မယ္ဆိုရင္ ကေလးကို လုပ္အားေပးဖို ့စီစဥ္ေဆာင္ရြက္ရျခင္းႏွင့္ အက်ိဳးေက်းဇူးေတြကို ေသေသခ်ာခ်ာရွင္းျပေပးသင့္ပါတယ္။ အလုပ္ကို စိတ္ပါ၀င္စားလုပ္ကိုင္တတ္လာေအာင္သာမက လူမွဳပတ္၀န္းက်င္ကို ဘယ္လိုအက်ိဳးျပဳတယ္ဆိုတာကိုပါရွင္းျပေပးပါ။ ဒါမွသာကေလးမ်ားရဲ႕ စိတ္တက္ၾကြမွဳက ပိုမိုျမင့္တက္လာမွာျဖစ္ပါတယ္။ သူတို႔ ေမြးေန႔ေလးေရာက္ရင္ မိဘမဲ့ေဂဟာေတြ လိုအပ္တဲ့ေနရာေတြမွာ အစားအေသာက္ေတြ လွဴဒါန္းတာ၊ ပံုျပင္ေျပာျပေပးတာ၊ အတူတူပါဝင္ေဆာ့ကစားေစတာ ၊ တိရစၦာန္ရံုသြားျပီး အစာေကြ်းတာ၊ ကိုယ့္ေက်ာင္း ကိုယ့္မူၾကိဳကို သန္႔ရွင္းေရးလုပ္ေပးတာ စတဲ့ လွုပ္ရွားမႈေလးေတြကို ပါဝင္ေဆာင္ရြက္တတ္လာေအာင္ ပ်ိဳးေထာင္ေပးပါ။

အေလ့အက်င့္ေကာင္းေတြကို ျပဳစုပ်ိဳးေထာင္ေပးၾကရာ၀ယ္ ေနာင္တေခတ္ရဲ့ေခါင္းေဆာင္ၾကီးေတြ ျဖစ္လာမယ့္ မိမိတို ့၏ကေလးမ်ားကို စနစ္တက်သင္ၾကားေလ့က်င့္ေပးသင့္ပါတယ္။ လုပ္အားေပးတဲ့ အစီအစဥ္ေတြမွာ ကေလးကို ပိုမိုပါ၀င္ေဆာင္ရြက္လာေအာင္၊ သူတစ္ပါးကို ကူညီတတ္လာေအာင္ ၊ သူတစ္ပါးကို ကူညီရင္းနဲ႔မွ ကိုယ့္ရဲ႕ စိတ္သႏာၱန္ကို နူးညံ့လာေအာင္၊ စာနာတတ္လာေအာင္၊ စိတ္ဓာတ္ေတြေရာ အျပဳအမူေတြပါ ျပည့္စံုတဲ့ကေလးေတြျဖစ္ေအာင္ မိဘ၊ ဆရာ၊ဆရာမ၊ ေက်ာင္းသား၊ေက်ာင္းသူ အတူတူၾကိဳးစားၾကဖို႔ တိုက္တြန္းပါတယ္္။

အတၲဟိတႏွင့္ ပရဟိတ ဘက္မွ်ေအာင္စြမ္းေဆာင္ႏိုင္ၾကေသာ ပတ္၀န္းက်င္ေကာင္းမ်ားစီသို႔ၪီးတည္ၾကပါစို႔။
Team Greenwood 👩‍👩‍👧‍👧👩‍👩‍👧‍👧👩‍👩‍👧‍👧

Unicode Version
သူတစ်ပါးကိုလည်း ကူညီတတ်တဲ့ စိတ်လေးတွေ မွေးမြူပေးပါ။🙆‍♀️🙆‍♀️🙆‍♀️

ကလေးတွေကို ငယ်ရွယ်စဉ်အချိန်ထဲက သူတစ်ပါးကိုကူူညီရမယ်၊ လုပ်အားပေးတွေ လုပ်ပေးရမယ်ဆိုတဲ့ အသိစိတ်လေး နဲ့ ထိုကူညီမှုလေးက ရလာမယ့် အကျိုးတရားတွေကို သိလာအောင် မိဘများအတူတကွ လေ့ကျင့်သင်ကြားပေးမယ်ဆိုရင် ကလေးတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ အတော်လေးတိုးတက်လာနိုင်ပါတယ်။ အချို့ မိဘတွေက သူတို့ရဲ့ အားလပ်ချိန်လေးတွေမှာ ကလေးတွေကို အချိန်လည်းပေးရင်း လူမှုပတ်ဝန်းကျင်ကို အကျိုးပြုမယ့် စိတ်ဓာတ်လေးတွေကိုလည်း မွေးမြူပေးစေချင်ကြတော့ ကလေးငယ်တွေနဲ့အတူ လုပ်အားပေးအစီအစဉ်လေးတွေမှာ အတူတကွ ပါဝင်လှုပ်ရှားတဲ့ activitiy တွေမှာ တက်ကြွစွာလှုပ်ရှားနေကြပါပီ။

ဒီအပြုအမူကောင်းလေးက ရမယ့်အကျိုးကျေးဇူးတွေက ရေတွက်မဆုံးပါ။ ဒီလို volunteering လုပ်ခြင်းဖြင့် ကလေးများရဲ့သဏ္ဍာန်မှာ သူတစ်ပါးအပေါ် ကရုဏာတရားရှေ့ထားပြီးစာနာထောက်ထားတတ်စေရန်သာမက၊ အသင်းအဖွဲ့နှင့် အလုပ်လုပ်ကိုင်တတ်ခြင်း၊ သည်းခံရောင့်ရဲတတ်ခြင်းစတဲ့ လူသားတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ စိတ်ထားတွေကို ပျိုးထောင်ပေးပါတယ်။ လုပ်အားပေးတယ်ဆိုတာက သူတစ်ပါးရဲ့ ကိစ္စတွေကို လုပ်ပေးတယ် ကူူညီတယ်ဆိုတဲ့အပြင် မိမိမိသားစု မိမိအိမ်မှာ ကိုယ့်တာဝန်ကို ကျေပွန်ပြီး တစ်ယောက်ရဲ့ ကိစ္စကို တစ်ယောက်က ကူညီပေးနေတာကလည်း လုပ်အားပေးတာပါပဲ။ ဒီလို အပြုအမူကောင်းလေးတွေကို မိသားစုတွင်းငယ်စဉ်ကတည်းကပျိုးထောင်ပေးခြင်းခံခဲ့ရတဲ့ ကလေးများ လူကြီးဖြစ်လာတဲ့အခါမှာလည်း အများအကျိုးပြုမှသည် တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပါလိမ့်မယ်။
လုပ်အားပေးအစီအစဉ်တွေ၊ လှုပ်ရှားမှုတွေကတော့ အများကြီးရှိပါတယ်။ အဲ့ဒါတွေထဲကမှ မိမိရဲ့ ကလေးနဲ့ ကိုက်ညီတဲ့၊ သူလည်းစိတ်ဝင်စားတဲ့ အလုပ်တွေကို ရွေးပြီး ဖြည်းဖြည်းချင်းစလုပ်စေချင်ပါတယ်။ ကိုယ်နေတဲ့ ဒေသရဲ့လိုအပ်ချက်၊ ကိုယ့်ကလေးရဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီးတော့ ဘယ်လိုလုပ်အားပေးတွေ လုပ်လို့ရလဲဆိုတာကို လေ့လာကြည့်သင့်ပါတယ်။ လုပ်အားပေးတစ်ခု စလုပ်တော့မယ်ဆိုရင် ကလေးကို လုပ်အားပေးဖို့စီစဉ်ဆောင်ရွက်ရခြင်းနှင့် အကျိုးကျေးဇူးတွေကို သေသေချာချာရှင်းပြပေးသင့်ပါတယ်။ အလုပ်ကို စိတ်ပါဝင်စားလုပ်ကိုင်တတ်လာအောင်သာမက လူမှုပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုတယ်ဆိုတာကိုပါရှင်းပြပေးပါ။ ဒါမှသာကလေးများရဲ့ စိတ်တက်ကြွမှုက ပိုမိုမြင့်တက်လာမှာဖြစ်ပါတယ်။ သူတို့ မွေးနေ့လေးရောက်ရင် မိဘမဲ့ဂေဟာတွေ လိုအပ်တဲ့နေရာတွေမှာ အစားအသောက်တွေ လှူဒါန်းတာ၊ ပုံပြင်ပြောပြပေးတာ၊ အတူတူပါဝင်ဆော့ကစားစေတာ ၊ တိရစ္ဆာန်ရုံသွားပြီး အစာကျွေးတာ၊ ကိုယ့်ကျောင်း ကိုယ့်မူကြိုကို သန့်ရှင်းရေးလုပ်ပေးတာ စတဲ့ လှုပ်ရှားမှုလေးတွေကို ပါဝင်ဆောင်ရွက်တတ်လာအောင် ပျိုးထောင်ပေးပါ။

အလေ့အကျင့်ကောင်းတွေကို ပြုစုပျိုးထောင်ပေးကြရာဝယ် နောင်တခေတ်ရဲ့ခေါင်းဆောင်ကြီးတွေ ဖြစ်လာမယ့် မိမိတို့၏ကလေးများကို စနစ်တကျသင်ကြားလေ့ကျင့်ပေးသင့်ပါတယ်။ လုပ်အားပေးတဲ့ အစီအစဉ်တွေမှာ ကလေးကို ပိုမိုပါဝင်ဆောင်ရွက်လာအောင်၊ သူတစ်ပါးကို ကူညီတတ်လာအောင် ၊ သူတစ်ပါးကို ကူညီရင်းနဲ့မှ ကိုယ့်ရဲ့ စိတ်သန္တာန်ကို နူးညံ့လာအောင်၊ စာနာတတ်လာအောင်၊ စိတ်ဓာတ်တွေရော အပြုအမူတွေပါ ပြည့်စုံတဲ့ကလေးတွေဖြစ်အောင် မိဘ၊ ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူ အတူတူကြိုးစားကြဖို့ တိုက်တွန်းပါတယ်။

အတ္တဟိတနှင့် ပရဟိတ ဘက်မျှအောင်စွမ်းဆောင်နိုင်ကြသော ပတ်ဝန်းကျင်ကောင်းများစီသို့ဉီးတည်ကြပါစို့။
Team Greenwood 👩‍👩‍👧‍👧👩‍👩‍👧‍👧👩‍👩‍👧‍👧

By admin

Leave a Reply

Your email address will not be published. Required fields are marked *